ပါမောက္ခဒေါက်တာသွယ်သွယ်ခိုင် ၏ကိုယ်ရေးအကျဉ်း
ပါမောက္ခဒေါက်တာသွယ်သွယ်ခိုင်သည် ၁၉၉၅ခုနှစ်တွင် တောင်ကြီးတက္ကသိုလ်မှ ဒဿနိကဗေဒအထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ကို အထူးအောင်မြင်ခဲ့သည်။ ၂၀၀၂ခုနှစ်တွင် မန္တလေး တက္ကသိုလ်မှ ဒဿနိကဗေဒအထူးပြုဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ၂၀၀၇ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဒဿနိကဗေဒအထူးပြုဖြင့် ပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ၁၉၉၈ခုနှစ်မှ စတင်၍ ဒဿနိကဗေဒဌာနတွင် နည်းပြအဖြစ်အမှုထမ်းဆောင်ခဲ့သည်။ ပြည်တွင်းနှင့် နိုင်ငံတကာ သုတေသနညီလာခံများ၊ စာတမ်းဖတ်ပွဲများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများစွာ တက်ရောက် ပါဝင်ဆွေးနွေးခဲ့သည်။ သုတေသနအထူးပြုနယ်ပယ်မှာ ကိုယ်ကျင့်တရားပညာ ဖြစ်သည်။ မဟာဝိဇ္ဇာ ကျောင်းသား၊ ကျောင်းသူများစွာကို ကျမ်းကြီးကြပ်ပေးခဲ့သည်။ ယခုအခါ ရွှေဘိုတက္ကသိုလ် ဒဿနိကဗေဒဌာနတွင် ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်လျက် ရှိပါသည်။
ဆက်သွယ်ရန် [email protected]